တရုတ်နှင့် မြောက်ကိုရီးယားဆက်သွယ်ထားသော တံတားအသစ်ကို ဆယ်စုနှစ်တစ်ခုအကြာတွင် ဖွင့်လှစ်တော့မည်

ပေကျင်း ၁၄ အောက်တိုဘာ

            တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာန၏ အောက်တိုဘာ ၁၄ ရက် တရားဝင်ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံသည် ယူလူးမြစ်ကူးတံတားသစ် ဖွင့်လှစ်သည့်အခမ်းအနားတစ်ခု ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါတံတားသည် သုံးကီလိုမီတာရှည်လျားပြီး တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒန်ဒုန်း(Dandong)နှင့် မြောက်ကိုရီးယားနိုင်ငံမြို့တော် ဆီနျူဂျူ (Sinuiju) မြို့တို့ကို ဆက်သွယ်ထားသည်ဟု သိရသည်။

            အဆိုပါတံတားကို ၂၀၁၄ ခုနှစ်တွင် စတင်အသုံးပြုနိုင်ရန် မျှော်လင့်ထားသော်လည်း ဖွင့်လှစ်နိုင်သည့် အရိပ်အယောင်မရှိခဲ့ပေ။ မြောက်ကိုရီးယားသည် အခွန်နှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအဆောက်အဦများမပါဘဲ အတက်အဆင်းလမ်းများဆောင်ရွက်မှုဖြင့်သာ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် အဆုံးသတ်ခဲ့သည်။

            ယခုအခါ နှစ်နိုင်ငံ ဆက်သွယ်ထားသည့် တံတားအသစ်ကို အောက်တိုဘာ ၁၅ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တံတားအသစ်ကို တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ပြီးစီးပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်မှ ဖွင့်လှစ်နိုင်ခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုနီးကပ်လာမှု၏ နောက်ဆုံးသောလက္ခဏာပင်ဖြစ်သည်။

MDN

ကိုးကား- အေပီသတင်းဌာန