စစ်တွေမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

စစ်တွေ အောက်တိုဘာ ၁၃

 

၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။

 

ပြောကြား

 

အခမ်းအနားတွင် ယခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေ လျှော့ချရေးနေ့အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်မှာ “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ် များမှ စတင်စို့” “Resilience Starts at Home” ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဘေးဒဏ် ကြံ့ကြံ့ခံနိုင်သည့် လူမှုအသိုက် အဝန်းတစ်ခု ပေါ်ပေါက်လာစေရန် အစိုးရဌာနဆိုင်ရာများ၊ လူမှု အဖွဲ့အစည်းများ၊ NGO/INGOs များနှင့် ဒေသခံပြည်သူများ အားလုံး ဝိုင်းဝန်းပူးပေါင်း၍ ယခုနှစ် ဆောင်ပုဒ်အတိုင်း “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှစတင်စို့”ဟု ရခိုင်ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက တိုက်တွန်း ပြောကြားသည်။

 

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချ ရေးနေ့အထိမ်းအမှတ် ကုလသမဂ္ဂ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင် ခြေလျှော့ချရေးရုံး၏ သဝဏ်လွှာ Video Clip ကိုပြသပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတို့က အပြည် ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ဗီဒီယိုကို ပြသသည်။

 

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ခန်းမအတွင်းရှိ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ခင်းကျင်း ပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)