မုံရွာ အောက်တိုဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက အမှာစကားပြောကြားပြီး ၂၀၂၆ ခုနှစ် အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာရုပ်သံ ဖိုင်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု မှတ်တမ်း ဗီဒီယိုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသည့် ကျောင်းသူများအား ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် ဂုဏ်ပြုဆုလက်မှတ်များ ပေးအပ် ချီးမြှင့်ကြသည်။
ထို့ပြင် ခန်းမအတွင်း ခင်းကျင်းပြသထားရှိသည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ အသိပညာပေး မှတ်တမ်းဓာတ်ပုံများ၊ ကူညီကယ်ဆယ်ရေး ပစ္စည်းများအား လိုက်လံကြည့်ရှုကြသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


