ပြည်မြို့၌ မြန်မာ့ရိုးရာ ဒေသအစားအစာပြိုင်ပွဲ ကျင်းပ  

 

နေပြည်တော် အောက်တိုဘာ ၁၂

 

မြန်မာ့ရိုးရာပြည်ဒေသ အစားအစာပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်မြို့ခေတ္တရာပြည်သူ့ခန်းမ၌ ကျင်းပသည်။

 

ပြိုင်ပွဲကို ဒေသထွက်အစားအစာများကို ဘေးကင်းလုံခြုံပြီး အဆင့်အတန်းမီမီ အရသာရှိရှိဖြင့် ပြည်ပသို့တင်ပို့နိုင်ရန်၊ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းအလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိစေနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

 

ပြိုင်ပွဲတွင် မြန်မာ့ရိုးရာပြည်ဒေသအစားအစာ ယှဉ်ပြိုင်ချက်ပြုတ်နေမှုကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးတို့က ကြည့်ရှုအားပေးကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က အမှတ်ပေးဒိုင်လူကြီးများ၊ သီဆိုကပြဖျော်ဖြေ ပေးကြသူများ၊ ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)