M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း နိုင်ပွဲဆက်ပြီး ချန်ပီယံဆုအတွက် ဆက်လက်ဖိအားပေး

ရန်ကုန်     အောက်တိုဘာ     ၁၂

၂၀၂၆  M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၉ ပထမနေ့ကို အောက်တိုဘာ ၁၂ ရက်က ဆက်လက်ကျင်းပရာ   ရန်ကုန်ယူနိုက်တက်အသင်း နိုင်ပွဲဆက်ပြီး   ချန်ပီယံဆုအတွက်   ဆက်လက်ဖိအားပေးလျက်ရှိသည်။

သန်လျင်သီဟဒီပကွင်း၌   ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက  Falcon အသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။  ချန်ပီယံဆုအတွက် အား/ကာသိပ္ပံနှင့်အပြိုင်ဖြစ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် နောက်ကျ ဂိုးဖြင့် အနိုင်ရပြီး ချန်ပီယံဆုအတွက် ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။ မိနစ် ၃၀ တွင် ဇေထက်အောင်က ရန်ကုန် ယူနိုက်တက်အသင်းအတွက်  ဦးဆောင်ဂိုးသွင်းယူပြီး ပထမပိုင်းပြီးခါနီးတွင်  အောင်သူလှိုင်က   Falcon အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံးအနိုင်ရရန်  ကြိုးပမ်းခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင်  ကျော်ညီညီက  အနိုင်ဂိုးသွင်းယူခဲ့သဖြင့် ရန်ကုန်ယူနိုက်တက်အသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။

ပွဲစဉ် ၁၉ ဒုတိယနေ့ကို အောက်တိုဘာ ၁၃ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ Galaxy အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - ML