မရမ်းကုန်းမြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၁

 

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်း၍ လူငယ်များနှင့် ဖြောင့်မတ်တည်ကြည်မှုခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌက “လူငယ်များနှင့် ဖြောင့်မတ်တည်ကြည်မှု” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးဟောပြောသည်။

 

ထို့နောက် ကျောင်းသားကျောင်းသူများက လူငယ်နှင့် တည်ကြည်မှု၊ လူငယ်နှင့် ရိုးသားမှု၊ လူငယ်နှင့် ဖြောင့်မတ်မှု၊ လူငယ်နှင့် ယုံကြည်မှု စသည်ဖြင့် ဆွေးနွေးကြရာ တက်ရောက်လာသော ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

မင်းသိန်းထွန်း