အောက်တိုဘာ ၁၂
နီပေါနိုင်ငံတွင် လူ ငါးဦး ပျောက်ဆုံးနေသော ရေကြီးရေလျှံမှုကြီး ထပ်မံဖြစ်ပွားခဲ့သည်။ ထိခိုက်ခံရသောနေရာများတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ နီပေါတပ်မတော်က လုပ်ဆောင်လျက်ရှိသည်။ ဂေါ်ခါခရိုင်အလယ်ပိုင်းတွင် မြေပြိုမှုတစ်ခု ယမန်နေ့ကဖြစ်ပွားခဲ့သည်ဟု သိရသည်။
အက်ဆိုးစီယိတ်တက် ပရက်စ်က ထုတ်ပြန်ထားသည့် ဗီဒီယိုမှတ်တမ်းတွင် တောင်တန်းများ ဝန်းရံထားသော ချိုင့်ဝှမ်းတစ်လျှောက် ရွှံ့နွံများရောနှောနေသည့် မြစ်ရေများ အရှိန်ပြင်းစွာ စီးဆင်းလာသည်ကို တွေ့မြင်ရသည်။ ယင်းကြောင့် အနီးအနားတွင် နေထိုင်သူများသည် ဘေးလွတ်ရာ ကုန်းမြင့်ဒေသများသို့ အရေးပေါ် ပြောင်းရွှေ့ခဲ့ကြရသည်။
နီပေါနိုင်ငံအာဏာပိုင်များကလည်း မြစ်ကမ်းတစ်လျှောက် နေထိုင်ကြသူများအား ဘေးကင်းရာ နေရာများသို့ အမြန်ဆုံး ရွှေ့ပြောင်းကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
အိမ်ခြေ ၄၀ ခန့်နှင့် တံတားအစင်းရေများစွာ ရေတိုက်စားခံခဲ့ရပြီး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတစ်ခု ပျက်စီးသွားကြောင်း ဒေသခံမီဒီယာများက ဖော်ပြထားသည်။
ယခုအချိန်အထိ လူ ၄၀ ကျော်ကို ကယ်တင်နိုင်ခဲ့သည်ဟု နီပေါတပ်မတော်ကဆိုသည်။
ဩဂုတ်လအတွင်း တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဒေသများတွင် ရုတ်တရက်ရေကြီးမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များသည် အရေးပေါ်သတိပေးအခြေအနေဖြင့် အနီးကပ် စောင့်ကြည့်လျက်ရှိသည်။
အဆိုပါ ရေကြီးမှုကြီးကြောင့် နီပေါနိုင်ငံဘက်ခြမ်းတွင် လူပေါင်း ၁၄၅၅ ဦး သေဆုံးခဲ့ပြီး ဂျပန်နိုင်ငံသား ငါး ဦး အပါအဝင် လူပေါင်း ၅၂၀၀ ကျော် ယနေ့အချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


