အာဖဂန်၊ ဥဇဘက်နှင့် အိန္ဒိယကုမ္ပဏီများ ဒေါ်လာသန်း ၄၀၀ နီးပါးတန်ဖိုးရှိ ကုန်သွယ်ရေးသဘောတူညီချက်များ ချုပ်ဆို

ကဘူးလ်  အောက်တိုဘာ  ၁၁

အာဖဂန်နစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့မှ  ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးများမြှင့်တင်ရန်   အမေရိကန်ဒေါ်လာ  သန်း   ၄၀၀ နီးပါးတန်ဖိုးရှိ    ကုန်သွယ်ရေး သဘောတူညီချက်များကို  ချုပ်ဆိုခဲ့ကြကြောင်း    အာဖဂန်နစ္စတန် ကူးသန်းရောင်းဝယ်ရေးနှင့်   ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းက   အောက်တိုဘာ  ၁၁   ရက်တွင် ထုတ်ပြန်ကြေညာသည်။

ယခုသဘောတူညီချက်များကြောင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းလာမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ကာ ပြည်တွင်း၊  ပြည်ပ စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များ ဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသဘောတူညီချက်များကို  အာဖဂန်နစ္စတန်နိုင်ငံ၏မြို့တော် ကဘူးလ်တွင် ကျင်းပသော ကုန်စည်ပြပွဲနှင့် ဆက်စပ်သည့်တွေ့ဆုံပွဲတစ်ခု၌ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါကုန်စည်ပြပွဲတွင် ဥဇဘက်ကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့မှ ကုမ္ပဏီများအပါအဝင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီပေါင်း ၃၂၃ ခုက ၎င်းတို့၏ထုတ်ကုန်များကို ပြခန်းပေါင်း ၇၀၀ ခန့်ဖြင့် ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။                                   

ဆင်ဟွာ