အင်တာမီလန်အသင်းနဲ့ ပါးမားအသင်းတို့ အောက်တိုဘာ ၁၀ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ အင်တာမီလန်အသင်းက ဂိုးပြတ်အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ အင်တာမီလန်အသင်းအတွက် သွင်းဂိုးတွေကို ဆူဆစ်က တစ်ဂိုး၊ ကယ်ဟာနော့လူးက တစ်ဂိုး၊ တူရမ်က တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ ပါးမားအသင်းကို အနိုင်ရရှိခဲ့တာကြောင့် အီတလီစီးရီးအေ ပွဲစဉ်(၆)ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၁၆ မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပါးမားအသင်းကတော့ အင်တာမီလန်အသင်းကို ရှုံးနိမ့်ခဲ့လို့ အီတလီစီးရီးအေပွဲစဉ်(၆)ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၄ မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁၇) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်


