ပြင်ဦးလွင် အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် UMTR. group (mandalay) တို့ ပူးပေါင်းကျင်းပသည့် (အမျိုးသား/ အမျိုးသမီး) 15 km /30 km / 50 km) Event သုံးမျိုးဖြင့် တောတွင်း တောင်တက်အပြေးလမ်းကြမ်းပြိုင်ပွဲကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ထင်းရှူးတောအတွင်း၌ ကျင်းပသည်။
အပြေးပြိုင်ပွဲကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူး၊ UMTR. group (mandalay) ဥက္ကဋ္ဌနှင့် ခရိုင်အားကစားမှူးတို့က နံနက် ၆ နာရီခွဲတွင် တာလွှတ်စင်မြင့်ထက်မှ အလံချိုးလျက်ပြိုင်ပွဲကို တာလွှတ်ပေးသည်။
ထို့နောက် မွန်းလွဲ ၃ နာရီတွင် ပြိုင်ပွဲအသီးသီးမှ ဆုရကစားသမားများအား ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ UMTR . group (mandalay) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငွေသားဆုနှင့် အမှတ်တရဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါပြိုင်ပွဲသုံးမျိုးတွင် ကစားသမား အမျိုးသား ၅၉၁ ဦး၊ အမျိုးသမီး ၃၆၁ ဦး စုစုပေါင်း ၉၅၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


