အောက်တိုဘာ ၈
ယခုနှစ် တရုတ်နိုင်ငံ၏ သီတင်းပတ်တစ်ပတ်ကြာ အမျိုးသားနေ့အားလပ်ရက်ကာလအတွင်း မော်စကိုမြို့၏ လမ်းမများပေါ်တွင် တရုတ်ခရီးသွားများကို မကြာခဏ တွေ့မြင်ရလေ့ရှိကြောင်း ဖော်ပြထားသည်။
ရုရှားနိုင်ငံသည် ထူးခြားသောနိုင်ငံတစ်ခုဖြစ်ပြီး မဖြစ်မနေသွားရောက်လည်ပတ်သင့်သော နိုင်ငံတစ်ခုဖြစ်သည်ဟု ရုရှားမြို့များစွာသို့ သွားရောက်လည်ပတ်ခဲ့ပြီး ၎င်း၏ခရီးစဉ်သည် ချောမွေ့ပြီး ပျော်ရွှင်ဖွယ်ကောင်းကြောင်း ဖော်ပြခဲ့သော Wang Xinzuo က ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ရုရှားသို့ ဝင်ရောက်လာသော ခရီးသွားအားလုံး၏ ၅၀ ရာခိုင်နှုန်းကျော်သည် တရုတ်ခရီးသွားများဖြစ်သည်ဟု သိရသည်။
ခရီးသွားလာမှုပမာဏ သိသိသာသာ မြင့်တက်လာသည်ကို တွေ့မြင်နေရကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် အပြန်အလှန်ခရီးသွားလာရောက်မှုအရေအတွက် သုံးသန်းကျော်ရှိကြောင်း ဖော်ပြထားသည်။ ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်ခရီးသွား ၁၅၄၂၀၀ ဦး လာရောက်လည်ပတ်ခဲ့ရာ ယခင်နှစ်ကထက် ၄၄ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Hanhui က အားလပ်ရက်မတိုင်မီက ပြောကြားခဲ့သည်။
၂၀၃၀ ပြည့်နှစ်အမီ တရုတ်ခရီးသွားဧည့်သည် ၅ ဒသမ ၅ သန်းကျော် လာရောက်နိုင်ရန် ရည်မှန်းထားကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် Dmitry Chernyshenko က စက်တင်ဘာလအစောပိုင်းတွင် ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


