စပိန်အသင်းဟာ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲစဉ်မှာ ခရိုအေးရှားအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
စပိန်အသင်းဟာ ခရိုအေးရှားအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စုအဆင့်မှာ ရာနှုန်းပြည့်နိုင်ပွဲရရှိကာ ရမှတ် ၁၂ မှတ်ဖြင့် ယူအီးအက်ဖ်အေကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ စပိန်အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံး သွင်းယူပေးခဲ့တဲ့ မာရီနိုဟာ စပိန်နိုင်ငံ လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာသွင်းဂိုး ၁၅ ဂိုးအထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။
အင်္ဂလန်အသင်းကတော့ ချက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး အင်္ဂလန်အသင်းက သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ယူအီးအက်ဖ်အေနေးရှင်းလိဂ်အုပ်စု အဆင့်ပွဲစဉ်လေးပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ်ကိုးမှတ် စုဆောင်းနိုင်ခဲ့လို့ ကွာတားဖိုင်နယ်တက်လှမ်းဖို့ နီးစပ်လာခဲ့ ပြီလည်းဖြစ်ပါတယ်။
အခုပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းနဲ့အတူ ပါဝင်ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ်စုစုပေါင်း ၁၂၅ ပွဲအထိရှိသွားပြီလည်း ဖြစ်ပါတယ်။
ငွေကြယ်


