မော်လမြိုင် အောက်တိုဘာ ၇
မွန်ပြည်နယ် မော်လမြိုင်မြို့ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၄/၂၀၂၆)ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
အမှာစကားပြောကြား
အခမ်းအနားတွင် မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူးက အမှာစကားပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူ သုံးဦးအား ပြည်နယ်သမဝါယမ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၉ ဦးတို့က ရှေးဦးပြုစုခြင်း အခြေခံဘာသာရပ်ကို စာတွေ့၊ လက်တွေ့ အောင်မြင်စွာသင်ယူခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


