မန္တလေး အောက်တိုဘာ ၇
စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူး ဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က နေပြည်တော်အား ဗဟိုပြုပြီး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့တွင် စိုက်ပျိုး ရေးနှင့်မွေးမြူရေးကို အခြေခံ၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန်နှင့် အထူးဖွံ့ဖြိုးရေး ဒေသအဖြစ် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှု၊ အတွေ့အကြုံများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက် ဆွေးနွေးကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


