နေပြည်တော် အောက်တိုဘာ ၇
အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ် (I-20) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့်အမှာစကားပြောကြားပြီး တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအတွင်း တင်သွင်းမေးမြန်းခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ကော်မတီအဖွဲ့ဝင်များက ဝန်ကြီးဌာန (၁၁) ခုမှ တာဝန်ရှိသူများနှင့် ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ကော်မတီအဖွဲ့ဝင်များနှင့် ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


