စင်ကာပူနိုင်ငံက ကလေးနှင့် လူကြီးများအတွက် နိုင်ငံလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များ ဆောင်ရွက်မည်

စင်ကာပူ အောက်တိုဘာ ၇

ကိုရိုနာဗိုင်းရပ်စ်ဆက်လက်ပျံ့နှံ့နေပြီး အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးအခြေအနေအရ ရောဂါပြင်းထန်နိုင်ခြေရှိသူများတွင် ပြင်းထန်သောရောဂါ ဖြစ်ပွားနိုင်ခြေရှိနေသဖြင့် စင်ကာပူနိုင်ငံသည် အောက်တိုဘာ ၁၂ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ကလေးများနှင့် လူကြီးများအတွက် နိုင်ငံလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များတွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နိုင်ငံတစ်ဝန်းရှိ အထွေထွေရောဂါကု ဆေးခန်းပေါင်း ၆၀၀ ကျော်၊   ပိုလီကလင်းနစ်ဆေးခန်းများနှင့်   ရွေ့လျားကာကွယ်ဆေးထိုးနှံရေးအဖွဲ့များ၏ နေရာများတွင် ရရှိနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကာကွယ်ဆေးထိုးနှံရန် အကြံပြုထားသည့် အုပ်စုများတွင် အသက် ၆၀ နှင့်အထက်ရှိသူများ၊ အသက် ၆ လနှင့်အထက် ကျန်းမာရေးအခြေအနေအရ ရောဂါကူးစက်လွယ်သူများနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဂေဟာများတွင် နေထိုင်သူများ ပါဝင်သည်။

ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများနှင့် ကျန်းမာရေးအခြေအနေအရ ရောဂါကူးစက်လွယ်သူများနှင့်အတူ နေထိုင်သူများ သို့မဟုတ် အတူတကွ အလုပ်လုပ်ကိုင်သူများကိုလည်း ကာကွယ်ဆေးထိုးနှံကြရန် တိုက်တွန်းထား သည်။                    

ဆင်ဟွာ