ဂျကာတာ အောက်တိုဘာ ၇
အင်ဒိုနီးရှားနိုင်ငံသည် ဓာတ်ဆီတွင် ဇီဝအီသနော ၂၀ရာခိုင်နှုန်း ရောစပ်ပါဝင်သည့် ဇီဝလောင်စာဆီ(E20) ထုတ်လုပ်ရေးအစီအမံ အောင်မြင်ရေးအတွက် ကြံတိုးချဲ့စိုက်ပျိုးခြင်းနှင့် အခြားသောကုန်ကြမ်း အရင်းအမြစ်များ ရှာဖွေစုဆောင်းခြင်းတို့ကို ဆောင်ရွက်နေကြောင်း အစားအစာရေးရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဇူကီလီဟက်ဆန်က ပြောကြားသည်။
အဆိုပါအစီအစဉ်အတွက် လိုအပ်သော ကုန်ကြမ်းပမာဏကို ဖြည့်ဆည်းပေးနိုင်ရန် လက်ရှိကြံစိုက်ခင်းများမှ ထွက်ရှိသည့် ကြံပမာဏမှာ မလုံလောက်သဖြင့် အစိုးရအနေဖြင့် စိုက်ခင်းဧရိယာ ထပ်မံတိုးချဲ့ရန် ကြိုးပမ်းနေသည့်အပြင် ပီလောပီနံနှင့် အခြားသီးနှံများကိုလည်း အီသနောထုတ်လုပ်ရေးအတွက် အသုံးပြုရန် ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုကဲ့သို့ အခြားသီးနှံများကို တိုးချဲ့စိုက်ပျိုးရခြင်းမှာ အီသနောထုတ်လုပ်ရေးကြောင့် ပြည်တွင်းသကြားထုတ်လုပ်ရေးကို ထိခိုက်မှုမရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြည်တွင်း၌ ဇီဝလောင်စာဆီများ မြှင့်တင်ထုတ်လုပ်ခြင်းဖြင့် ပြည်ပမှ တင်သွင်းရသည့် လောင်စာဆီအပေါ် မှီခိုရခြင်းမှ လျှော့ချရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


