ရန်ကုန် အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ဗဟန်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန( ဗဟန်း)၌ ကျင်းပသည်။
ပြည်သူ့စကားဝိုင်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဆုရည်ဇော်၊ ဗဟန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကံဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အုပ်ချုပ် ရေးမှူး ဦးသန့်ဇင်၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးမျိုးသော်၊ မြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်သင်းသင်းအေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်တို့က ဒေသဖွံ့ဖြိုးရေးအတွက် ဌာနအလိုက်ဆောင်ရွက် ထားရှိသော အခြေအနေများ၊ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ထားရှိသော အမှိုက်သိမ်းစနစ်များအကြောင်း၊ ဆန်၊ ဆီ ဝယ်ယူရေး အတွက် သမဝါယမဦးစီးဌာနက စီမံဆောင်ရွက်ထားရှိမှုများနှင့် ပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်တွင်တင်ပြဆွေးနွေး ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားကြသည်။
ထို့နောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများက သမဝါယမကရောင်းချပေးသည့် ကုန်ပစ္စည်းများအကြောင်းနှင့် သန့်ရှင်းသာယာလှပရေးအတွက် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


