ဘန်ကောက် အောက်တိုဘာ ၅
စက်တင်ဘာ ၁၆ ရက်မှစတင်ကာ ထိုင်းနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများ ဖြစ်ပွားမှုကြောင့် ၃၁ ဦး သေဆုံးကာ လူပေါင်း ၄ ဒသမ ၁၄ သန်းခန့် ရေဘေးသင့်ခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၅ ရက်တွင် ပြောကြားသည်။
ပြည်နယ်ပေါင်း ၂၆ ခုနှင့် မြို့တော်ဘန်ကောက်ရှိ လူပေါင်း ၃ ဒသမ ၅၂ သန်းနီးပါးသည် ရေကြီး ရေလျှံမှုဒဏ်နှင့် ရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း ဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှု၊ မိုးသက်မုန်တိုင်းနှင့် လေပြင်းတိုက်ခတ်မှုများသည် မြို့တော် ဘန်ကောက်အပါအဝင် နိုင်ငံတစ်ဝန်း ဒေသအနှံ့အပြား၌ အောက်တိုဘာ ၇ ရက်အထိ ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါဦးစီးဌာနက ပြောကြားသည်။
ဆင်ဟွာ


