ရန်ကုန် အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့၏ အဓိကထွက်ပေါက်မြောင်းဖြစ်သည့် ဂျိုးဖြူ ပိုက်လိုင်းဘေး ရေမြောင်းရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ခြေ လျော့နည်းစေရေးအတွက် မြောင်းအတွင်း အမှိုက်နှင့် ရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့် အနည်အနှစ်များ၊ ရေမြောင်းအတွင်း ပေါက်ရောက်နေသော မြက်ပင်၊ ချုံနွယ်များကို မြို့နယ် စည်ပင်သာယာရေးလုပ်သားများက လုပ်သားအင်အားဖြင့် ယနေ့နံနက်ပိုင်းတွင် စနစ်တကျ ရှင်းလင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ရှင်းလင်းဆောင်ရွက်မှုကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် လုပ်သားများက ရေမြောင်းအတွင်းသို့ ဝင်ရောက်၍ အမှိုက်များ၊ အနည်အနှစ်များနှင့် ရေစီးဆင်းမှုကို ပိတ်ဆို့စေသည့် အရာများအား ဖယ်ရှားရှင်းလင်းခြင်း၊ ရေစီးကြောင်းများ ပွင့်လင်းစေရန် စစ်ဆေးဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)


