ရန်ကုန် အောက်တိုဘာ ၃
၂၀၂၇ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းနှင့် အိန္ဒိယ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းတို့သည် ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲကစားမည်ဖြစ်ပြီး ပထမခြေစမ်းပွဲကို အောက်တိုဘာ ၄ ရက် မွန်းလွဲ ၃ နာရီခွဲတွင် သန်လျင်မြို့ Star City ကွင်း၌ ကျင်းပမည်ဖြစ်သည်။
မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းသည် နိုဝင်ဘာလတွင် ကျင်းပမည့် အာရှဖလား ယူ-၁၇ ခြေစစ်ပွဲအတွက် နောက်ဆုံးပြင်ဆင်သည့်အနေဖြင့် အိန္ဒိယအသင်းနှင့်ခြေစမ်းပွဲကစားခြင်းဖြစ်သည်။ ခြေစမ်းပွဲကစားမည့် မြန်မာ ယူ-၁၇ အသင်းတွင် ပဏာမကစားသမားများအဖြစ် ဂိုးသမား- အောင်ဘုန်းမြတ် (မန္တလေးတိုင်းဒေသကြီး)၊ လင်းလက်ထွန်း (Falcon FC)၊ ရောဘတ်၊ စောအောင်ကျော်ဖြိုး (ကရင်ပြည်နယ်)၊ နောက်တန်း- ကြည်သာ (အမျိုးသား ဘောလုံးအကယ်ဒမီ- ရန်ကုန်)၊ ဟိန်းသန့်ချစ်ခင်(အမျိုးသား ဘောလုံး အကယ်ဒမီ - ရန်ကုန်)၊ မျိုးဇော်လွင် (မန္တလေးတိုင်း ဒေသကြီး)၊ မြတ်သူမောင်(အမျိုးသားဘောလုံး အကယ်ဒမီ - ရန်ကုန်)၊ မြင့်မြတ်အောင် (အမျိုးသား ဘောလုံးအကယ်ဒမီ-ရန်ကုန်)၊ လမင်းထိန် (မြန်မာ ဘောလုံးအကယ်ဒမီ-မန္တလေး)၊ ဇင်မင်းမြတ်သူ (အမျိုးသား ဘောလုံးအကယ်ဒမီ-ရန်ကုန်)၊ မြတ်မင်းသူ(မြန်မာဘောလုံး အကယ်ဒမီ-မန္တလေး)၊ ခွန်စိုင်းကြယ်စင် (ရှမ်းပြည်နယ်)၊ မိုးကောင်းခန့် (မြန်မာဘောလုံး အကယ်ဒမီ-မန္တလေး)၊ အလယ် တန်း-ခွန်ဝေဖြိုး (အမျိုးသား ဘောလုံးအကယ်ဒမီ- ရန်ကုန်)၊ သန်းထိုက်အောင်(အမျိုးသား ဘောလုံး အကယ်ဒမီ-ရန်ကုန်)၊ ခွန်ထွန်းဝေ (မြန်မာဘောလုံး အကယ်ဒမီ-မန္တလေး)၊ သူရမောင်(စစ်ကိုင်းတိုင်း ဒေသကြီး)၊ နေယံထွဋ်(အမျိုးသား ဘောလုံး အကယ်ဒမီ-ရန်ကုန်)၊ ပရင့်စ်ဒိုဒိုထန် (ရန်ကုန်တိုင်း ဒေသကြီး)၊ သန့်ဇင်အောင် (မြန်မာဘောလုံး အကယ်ဒမီ - မန္တလေး)၊ သူရဟိန်းထက်(အမျိုးသား ဘောလုံးအကယ်ဒမီ-ရန်ကုန်)၊ စောဂျိမ်း(ရန်ကုန် တိုင်းဒေသကြီး)၊ အောင်မြတ်သာ (မြန်မာဘောလုံး အကယ်ဒမီ-မန္တလေး)၊ ရှေ့တန်း-ပိုင်ဇေထွန်း၊ ဖုန်းအောင်ရဲရင့်၊ ကောင်းခန့်လင်း (အမျိုးသား ဘောလုံးအကယ်ဒမီ-ရန်ကုန်)၊ စိုင်းမင်းအောင် (မြန်မာဘောလုံး အကယ်ဒမီ-မန္တလေး)၊ သက်နိုင်ဦး (ရန်ကုန်စီးတီး)တို့ ပါဝင်ကြသည်။
အာရှဖလား ယူ-၁၇ ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာယူ-၁၇ အသင်းကို ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၊ မြန်မာဘောလုံးအကယ်ဒမီများမှ ပဏာမ ကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ဂျပန်လူမျိုး နည်းပြချုပ် ကိုင်ဆူကီက တာဝန်ယူကိုင်တွယ်လျက်ရှိသည်။ ထို့ပြင် ကစားသမားများ အတွေ့အကြုံရစေရန် ပြည်တွင်းလိဂ်ဖြစ်သော M-League ယူ-၂၀ လိဂ်ပြိုင်ပွဲတွင် Galaxy အသင်းအမည်ဖြင့် ယှဉ်ပြိုင်လျက်ရှိသည်။ ယင်းခြေစမ်းပွဲများကို အောက်တိုဘာ ၄ ရက်နှင့် ၇ ရက်တွင် ရန်ကုန်မြို့ သန်လျင်မြို့ရှိ Star City ကွင်း (Sunset Venue) ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် အိန္ဒိယအသင်းသည် မတ်လဆန်းကလည်း ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ပြီး အိန္ဒိယအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF


