ပူတာအို အောက်တိုဘာ ၃
မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေး၊ လယ်သီးထပ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇီးအွန် ကျေးရွာအုပ်စုအတွင်း မူလာချောင်းဘေး၌ ဒေသခံတောင်သူ များနှင့်တွေ့ဆုံပြီး ဆီမုန်ညင်း တိုးချဲ့စိုက်ပျိုး ဧရိယာအတွက် ခြံစည်းရိုးကာရံနိုင်ရေး ငွေကျပ်သိန်း ၁၀၀ ကို ထောက်ပံ့ပေးအပ်၍ တစ်သီးမှနှစ်သီး စံပြအဖြစ်တိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ တစ်ဧက ပန်းတိုင် အထွက်နှုန်းရရှိအောင် ကြိုးစား ကြရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သော နောင်ခိုင်-ဇီးအွန်-မူလာရှီးဒီလမ်း ၁၂ မိုင် ကျော်အနက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက် ပြီးစီးခဲ့သော မူလာရှီးဒီ ကျေးရွာအတွင်း ကျောက်ချောလမ်း လေးမိုင် ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ ကျေးရွာအတွင်း ခရစ်တော်၏ အသင်းတော် ဘုရားကျောင်းဝင်းအတွင်း မိသားစုတစ်ပိုင်တစ်နိုင် ဟင်းသီး ဟင်းရွက်စိုက်ခင်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပမ္မတီးကျေးရွာအုပ်စု ကျေးရွာဘုရားကျောင်း၌ ၂၀၂၆-၂၀၂၇ ခုနှစ် ကချင်ပြည် နယ်အစိုးရ အစီအစဉ်ဖြင့် ဆောင်းသီးထပ် ဆီထွက်သီးနှံ ဆီမုန်ညင်းစိုက်ပျိုးရန် ယခင်နှစ် ၁၁၅ ဧက၊ ယခုနှစ် ၄၄၈ ဧက စုစုပေါင်း ၅၆၃ ဧကအတွက် ဆီမုန်ညင်းမျိုးစေ့ တင်း ၇၀နှင့် စိုက်ပျိုးမည့် ကျေးရွာကွင်း ၁၄ ကွင်း ခြံဝင်းကာရံနိုင်ရေး ငွေကျပ် ၁၇၅ သိန်း၊ ကျေးရွာဘုရားကျောင်း တည်ဆောက်ရန် အလှူငွေ ကျပ်သန်း ၅၀ ကို ပေးအပ်ကာ ပြည်နယ်ဝန်ကြီးများက ဘုရားကျောင်း တည်ဆောက်ပြီးစီးရေးအတွက် အလှူငွေများကို ထည့်ဝင်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က အဆိုပါကျေးရွာနှင့် ဝါခွန်ဒါန်း ကျေးရွာချင်းဆက်လမ်း ပေ ၁၀၀၀ ကျောက်ချောလမ်း ခင်းနိုင်ရေး ကျေးရွာ တာဝန်ရှိသူများနှင့် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


