လေးမျက်နှာမြို့နယ် စက်မှုလယ်ယာရုံးဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်

လေးမျက်နှာ အောက်တိုဘာ ၁

 

ဧရာဝတီ တိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ငဝန်မြစ် ရေကာတာ၏ အောက်ခံမြစ် ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေ ကျော်စီးဝင်ခြင်း ဖြစ်စဉ်နှင့် ပတ်သက်၍ လေးမျက်နှာမြို့နယ် နှင့် ဆက်စပ်ကျေးရွာများအတွင်း ရေများဝင်ရောက်ခဲ့ရာ ယခုအခါ ရေများ ပြန်လည်ကျဆင်းလာပြီ ဖြစ်သည့်အတွက် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးမီးသတ် ဦးစီးမှူး၊ ဟင်္သာတခရိုင်မီးသတ် ဦးစီးမှူး၊ လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှူးတို့ဦးစီး၍ မီးသတ် တပ်ဖွဲ့ဝင် ၃၀၊ ထွေ/အုပ်ဝန်ထမ်း နှင့် ရပ်/ကျေးစာရေး ခုနစ်ဦးတို့က မြို့နယ်စက်မှုလယ်ယာ ရုံးဝင်း အတွင်းရှိ နုန်းများ၊ သဲများ ဆေးကြော ရှင်းလင်းခြင်းကို ဆောင်ရွက်သည်။

 

ထို့ပြင် တိုင်းဒေသကြီး မီးသတ် ဦးစီးမှူးဦးဆောင်၍ မြို့ပေါ်ရပ်ကွက် အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် လိုအပ်သည့်နေရာများတွင် ရှင်းလင်းခြင်း၊ ရေနုတ်မြောင်း များဖော်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

 မင်းထက်သာ