ကျောက်ဆည်မြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၁

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ရွှေစေတီဘိုးဘွားရိပ်သာ၌ ယနေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် ခရိုင်သက်ကြီး ရွယ်အိုများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရွှေစေတီဘိုးဘွားရိပ်သာရှိ အဘိုးကိုးဦး၊ အဘွား ၃၂ ဦးတို့အား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)