ပဲခူး အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ ဆောင်းဆီထွက်ပဲပုပ် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရေဆင်း (၁၅) ပဲပုပ်မျိုးစေ့ပေးအပ်ပွဲကို စက်တင်ဘာ ၃၀ ရက်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ဦးစွာ ပဲခူးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ဆောင်းဆီ ထွက်ပဲပုပ်စိုက်ပျိုးရေး နည်းပညာများနှင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တာဝန်ရှိသူများက တောင်သူများထံ ဆီထွက်ပဲပုပ် ရေဆင်း(၁၅)မျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)


