မြဝတီ စက်တင်ဘာ ၃၀
ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်း လိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေ၊ ပြစ်ဒဏ်ဆိုင်ရာများ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ဥပဒေအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုက လူမှုပတ်ဝန်းကျင်၌ မြင်တွေ့နေရသည့် အွန်လိုင်း လိမ်လည်မှုဖြစ်စဉ်များ၊ အွန်လိုင်းငွေကြေးလိမ်လည်မှု ဖြစ်ပွားရခြင်း ၏ အကြောင်းရင်းများ၊ နောက်ဆက်တွဲပြဿနာများနှင့် အွန်လိုင်းလိမ်လည်မှု အမျိုးအစားများ၊ ရှောင်ရှားရမည့်နည်းလမ်းများ၊ အွန်လိုင်း လိမ်လည်မှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ လှုံ့ဆော်၊ သွေးဆောင်၊ ဖြားယောင်း ခြင်းကြောင့် အရေးယူအပြစ်ပေးလျက်ရှိသည့် ပြစ်မှုပြစ်ဒဏ်များ၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ချမှတ်ထားသည့် ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေ၊ ပုဒ်မများ၊ အွန်လိုင်းမှတစ်ဆင့် ငွေကြေး လိမ်လည်မှုဖြစ်စဉ်များ၊ လူကုန်ကူးမှုဖြစ်စဉ်များနှင့် ဆောင်ရန်/ ရှောင်ရန် နည်းလမ်းများကို ဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ခရိုင်ဥပဒေအရာရှိက ပြန်လည်ရှင်းလင်းဖြေကြား ပြီး ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)


