ရန်ကုန် စက်တင်ဘာ ၃၀
ဗဟန်းမြို့နယ် စာရေးဆရာအသင်းက ကြီးမှူးကျင်းပသည့် အသင်း ဂုဏ်ထူးဆောင် နာယကကြီးများဖြစ်သော ပခုက္ကူဦးအုန်းဖေ တစ်သက်တာ စာပေဆုရ ဦးစိုးဝင်း (တက္ကသိုလ်စိုးယဉ်) နှင့် အနုပညာထူးချွန်ဆုရ (၂၈ နှစ်တိုင် အသင်းဥက္ကဋ္ဌတာဝန်ဆောင်ရွက်ခဲ့သူ) ဦးကိုကိုလေး (ရန်ကင်းကိုကိုလေး)တို့အား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို စက်တင်ဘာ ၂၇ ရက် က လူထုအခြေပြုဗဟိုဌာန ( ဗဟန်း) ခန်းမ၌ ကျင်းပသည်။
ဦးစွာ ဗဟန်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာထွန်းထွန်းဦးက အမှာစကားပြောကြားပြီး ဗဟန်းမြို့နယ်စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်နီနီတင်(နီနီ-မြန်မာစာ)က ဂုဏ်ပြုခံဂုဏ်ထူးဆောင် နာယကကြီးနှစ်ဦး၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားသည်။ ဆက်လက်ပြီး စာရေးဆရာ ဒေါက်တာ မြင့်နိုင်(ဆရာဥဂ္ဂါညို)နှင့် စာရေးဆရာ ဦးဘုန်းစံ ( ရွှေဘုန်း)တို့က ရတုများကို ဂုဏ်ပြုရွတ်ဖတ်ကြသည်။
ထို့နောက် ဂုဏ်ပြုခံနာယကကြီးနှစ်ဦးအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


