ဇီးကုန်း စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ၂၀၂၆ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းလွင်က အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးက ၂၀၂၆ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဇီးကုန်းမြို့နယ်အတွင်းရှိ အိမ်မွေးတိရစ္ဆာန်များနှင့် စီးပွားရေးအရ အရေးပါသောတိရစ္ဆာန်များ၏ အကောင်ရေစာရင်းအတိအကျ ရရှိစေရန်၊ ကောက်ယူရရှိသောတိရစ္ဆာန်ကောင်ရေစာရင်းကိုအခြေပြု ၍ တိရစ္ဆာန်မွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုစေရန်၊ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ စုစုပေါင်း ၂၁၀ တက်ရောက်၍ ဒီဇင်ဘာ ၁ ရက်မှစတင်ကာ ရပ်ကွက်(၅)ခုနှင့် ကျေးရွာ ၁၂၂ ရွာကို ကွင်းဆင်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


