မော်လမြိုင်မြို့ မုပွန်ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်စေရေးနုန်းများ၊ အမှိုက်များ ရှင်းလင်း

မော်လမြိုင် စက်တင်ဘာ ၃၀

 

မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုမရှိစေရေးနှင့် ရေထုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ မုပွန်ရပ်ကွက်အတွင်း ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယာဉ်ယန္တရားများဖြင့် ရွှံ့ဗွက်နှင့် အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ကြသည်။

 

ထိုသို့ဆောင်ရွက်နေမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေစီးရေလာ ကောင်းမွန်စေရေးအတွက်အမှိုက်များ စနစ်တကျစွန့်ပစ်စေရေး၊ ရေနုတ်ချောင်းများ၊မြောင်းများ စနစ်တကျ ထိန်းသိမ်းရေးတို့ကို တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)