ကန်ကြီးထောင့်မြို့နယ်၌ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ်ဆောင်ရွက်မည့်တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ကန်ကြီးထောင့် စက်တင်ဘာ ၃၀

 

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးသော ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ဝါးဒူးကျေးရွာအုပ်စု အနောက်စုကြီးကျေးရွာရှိ ကရင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံပွဲတွင် သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်က ဒေသခံတောင်သူများ စုပေါင်း၍ ထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက မိမိတို့ ဒေသအတွင်း စနစ်ကျသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသည့် မိုးစပါးစီမံကိန်းနှင့် မွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)