ပေါင်းတည်မြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်

ပေါင်းတည် စက်တင်ဘာ ၃၀

 

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ၂၀၂၆ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းက ရပ်ရွာအုပ်ချုပ်ရေး အဖွဲ့များအား ဖွင့်လှစ်ပို့ချသည်။

 

 ဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးက သင်တန်းနှင့် ပတ်သက်၍ အမှာစကားပြောကြားကာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းခိုင်က သင်တန်းဖွင့်လှစ်ပို့ချရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်မွေးမြူ‌ရေးနှင့် ကုသ‌ရေးဦးစီးဌာနမှူးက တိရစ္ဆာန်ကောင်ရေ မွေးမြူထားမှုများကို ရပ်ရွာများအတွင်း ကွင်းဆင်း ဆောင်ရွက်ရာ၌ ပြည်သူများထံမှ အချက်အလက်များ တိကျမှန်ကန်စွာ စာရင်းကောက်ယူနိုင်ရေးအတွက် စာရင်းဇယားပုံစံများနှင့်တကွ ရှင်းလင်း‌ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

 

ပေါင်းတည်(ပြန်/ဆက်)