ဒဂုံမြို့နယ် သမဝါယမအသင်းစု အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ရန်ကုန် စက်တင်ဘာ ၃၀

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် သမဝါယမအသင်းစု ၂၀၂၄- ၂၀၂၅/၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ‌ ဒေါ်ခင်‌စောဦးက အမှာစကား ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေသူမြင့်က ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့မှ ချမှတ်ထားသည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပြောကြားသည်။

 

ယင်းနောက် မြို့နယ်သမဝါယမအသင်းစု၏ အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြား၍ အတည်ပြုချက်ရယူသည်။

 

ဆက်လက်၍ တိုင်းအဆင့်ဖွဲ့စည်းရေးကော်မတီ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ရှေ့မှောက်တွင် အမှုဆောင်သစ်များကို ဥပဒေနှင့်အညီ ရွေးချယ်ခဲ့ပြီး ကတိသစ္စာခံယူကာ တာဝန်များ ခွဲဝေပေးခဲ့ကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)