ဝါးခယ်မ စက်တင်ဘာ ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် မရမ်းချောင်ကျေးရွာ(အမက)၌ ယနေ့နံနက်ပိုင်းက လူမှုစီးပွားဘဝမြှင့်တင်ရေး (သက်တန့်ရောင်) စီမံကိန်းဆောင်ရွက်နေသော စပါးစိုက်ပျိုးသည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် မရမ်းချောင်ကျေးရွာ တောင်သူများ၏ စပါးစိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှုကာ သမဝါယမစနစ်ကိုအခြေခံပြီး စုပေါင်းဆောင်ရွက်သည့် စနစ်ကြောင့် ရရှိလာသောအကျိုးကျေးဇူးများကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
တူးတူးလွင်(သမ)


