ကြို့ပင်ကောက်မြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ တူးဖော်

ကြို့ပင်ကောက် စက်တင်ဘာ ၃၀

 

ပဲခူးတိုင်း‌ဒေသကြီး ကြို့ပင်ကောက်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်များ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် မြောက်မြို့ပတ်လမ်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စက်ယန္တရားများဖြင့်  ရေနုတ်မြောင်းတူးဖော်ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၂၉ ရက်တွင် ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါရေနုတ်မြောင်းတူးဖော်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မိုးလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)