သထုံ စက်တင်ဘာ ၃၀
မွန်ပြည်နယ် သထုံမြို့နယ် ထောင်မှူးကျေးရွာနှင့် မြေနီကုန်းကျေးရွာတို့ရှိ Home Garden စိုက်ပျိုးမည့် အိမ်ထောင်စုများအား ဟင်းသီးဟင်းရွက်မျိုးစေ့၊ ပျိုးပင်နှင့် မြေဩဇာများ ပေးအပ်ခြင်းနှင့် အိမ်ခြံဝင်းဥယျာဉ်ခြံ စနစ်တကျစိုက်ပျိုးနိုင်ရေး နည်းပညာပေးဆွေးနွေးပွဲကို စက်တင်ဘာ ၂၉ ရက်က သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးက အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူးက Home Garden စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်း ဆွေးနွေးကာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူတို့က ထောင်မှူးကျေးရွာနှင့် မြေနီကုန်းကျေးရွာရှိ အိမ်ထောင်စုများထံ ဟင်းသီးဟင်းရွက်မျိုးစေ့၊ ပျိုးပင်နှင့် မြေဩဇာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


