သဲကုန်းမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်

သဲကုန်း စက်တင်ဘာ ၃၀

 

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

 

ဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားခဲ့ပြီး သင်တန်းတွင် သဲကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာအိမ့်မျက်ခြယ်မောင်က မြေပြင်တိရစ္ဆာန်ကောင်ရေ စာရင်းရရှိနိုင်ရန်နှင့် ကောက်ယူမည့် မေးခွန်းလွှာပုံစံများကို အပိုင်းငါးပိုင်းဖြင့် တိရစ္ဆာန်ကျန်းမာရေး လုပ်သားများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း စုစုပေါင်း သင်တန်းသား သင်တန်းသူ ၁၀၆ ဦးအား ရှင်းလင်းသင်ကြားပို့ချကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)