ဝမ်းတွင်းမြို့နယ်၌ ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးသင်တန်းဆင်းပွဲ ပြုလုပ်

ဝမ်းတွင်း စက်တင်ဘာ ၃၀

 

ဝမ်းတွင်းမြို့နယ် ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ ရွှေတောင်၌ ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သည်။

 

သင်တန်းဆင်းပွဲတွင် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝေက သင်တန်းဆင်း အမှာစကားပြောကြားပြီး မိမိတို့သက်ဆိုင်ရာ မြို့နယ်များတွင် ဝါသီးနှံပန်းတိုင်ရရှိရေး၊ မျိုးကောင်းမျိုးသန့် စနစ်တကျထုတ်လုပ်နိုင်ရေးဝန်ထမ်းလေ့ကျင့်ရေး သင်တန်းနှင့် တောင်သူပညာပေးသင်တန်းများ ကျယ်ကျယ်ပြန့်ပြန့် လက်ဆင့်ကမ်းဆောင်ရွက်သွားရေး မှာကြားသည်။

 

ဆက်လက်၍ သင်တန်းမှ ထူးချွန်ဝန်ထမ်းများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)