လက်ပံတန်း၌ မြို့သန့်ရှင်းသာယာရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်

လက်ပံတန်း စက်တင်ဘာ ၃၀

 

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်၌ မြို့သန့်ရှင်းသာယာရေးနှင့် ရေနုတ်မြောင်းများတူးဖော် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၈ ရက်ညနေပိုင်းတွင် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ပံတန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများက မြို့မရပ်ကွက် မိုးအိုင်-တာဆိပ်လမ်းပိုင်း ရေနုတ်မြောင်းများတူးဖော်ခြင်း၊ အမှိုက်များရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)