တောင်ငူ စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ ၂၀၂၆ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ စာရင်းကောက်သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းတွင် တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း ၁၂၈ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


