တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးဖြစ်ကြောင်း အများပြည်သူသိရှိရန် အသိပေးနှိုးဆော်ချက်

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ်စနစ်တကျ စစ်ဆေးလျက်ရှိပါသည်။

၂။ ယင်းသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဆရာကြီးဦးတင်အေး၏ ကချင်အမှတ်တံဆိပ် သွေးတိုးကျလေနှင်ဆေး (ဆေးလုံး+ဆေးမှုန့်/ဆေးဘူး)သည် တိုင်းရင်းဆေးဝါး မှတ်ပုံတင်ရရှိခဲ့သော်လည်း တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားမှု မရှိခြင်း၊ တိုင်းရင်းဆေးဝါး မှတ်ပုံတင်သက်တမ်းကုန်ဆုံးခြင်း၊ လေးပါးရာဇာ အမှတ်တံဆိပ် သွေးတိုးပျောက်ဆေးကြီး (ဆေးပြား/ဆေးထုပ်)သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်ရရှိခဲ့သော်လည်း သက်တမ်းတိုး လျှောက်ထားမှုမရှိခြင်း၊ သက်တမ်းကုန်ဆုံးခြင်း၊ ရှင်းအမှတ်တံဆိပ် သွေးတိုးကျဆေး (ဆေးပြား/ ဆေးထုပ်)သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုထားမှု မရှိခြင်းနှင့် ရွှေမင်းသားအမှတ်တံဆိပ် အားတိုးဆေး (ဆေးမှုန့်/ဆေးထုပ်)သည် တိုင်းရင်းဆေးဝါး မှတ်ပုံတင်မရှိခြင်း၊ အခြားဆေး၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်- TMR နံပါတ်အား ထည့်သွင်းအသုံးပြုထားခြင်းတို့ကြောင့် ၎င်းတိုင်းရင်းဆေးဝါးများသည် တိုင်းရင်ဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုထားမှုမရှိသော တိုင်းရင်းဆေးဝါးများဖြစ်သဖြင့် ဆေးဝါးစစ်မှန် အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း အသိပေးအပ်ပါသည်။

၃။ အများပြည်သူတို့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ စိစစ်ဝယ်ယူသုံးစွဲရန် နှိုးဆော်အပ်ပါသည်။

၄။ တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတု များ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝ (လုံးဝ)မပြုလုပ်ရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန