ရေကြည်မြို့နယ်၌ မြို့နယ်အဆင့် အရန်သားဖွား (သစ်လွင်) သင်တန်းဖွင့်လှစ်

ရေကြည် စက်တင်ဘာ ၂၈

 

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အဆင့် အရန်သားဖွား (သစ်လွင်) သင်တန်းဖွင့်ပွဲကို မြို့နယ် ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားသည်။

 

အခမ်းအနားသို့ ရေကြည်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရေကြည်မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ ၄၉ ဦး တက်ရောက်ပြီး စာတွေ့၊ လက်တွေ့ ခြောက်လကြာ သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)