အောင်လံမြို့ မြဝတီစက်သုံးဆီဆိုင်ကို မီးဘေးလုံခြုံရေး အကြံပြုစစ်ဆေး

အောင်လံ စက်တင်ဘာ ၂၇

 

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်အတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အောင်လံခရိုင် မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေး၊ အောင်လံမြို့နယ် မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက FSC လက်မှတ် လျှောက်ထားပြီးဖြစ်သည့် အောင်လံမြို့ရှိ မြဝတီစက်သုံးဆီဆိုင်သို့ သွားရောက်၍ မီးသတ်တပ်ဖွဲ့၏ စစ်ဆေးအကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ထားမှု ရှိ၊ မရှိ၊ မီးဘေးလုံခြုံရေးအတွက် လိုအပ်သည့်အစီအမံများပြည့်စုံမှု ရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

ရှင်းခန့်အောင်