ပဲဆီနှင့်နှမ်းဆီ ဈေးကွက်တွင် အရောအနှောဆီများ လိမ်လည်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

မင်းလှ စက်တင်ဘာ ၂၇

 

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ပဲဆီနှင့်နှမ်းဆီများတွင် အရောအနှောဆီများ ရောနှောကာ လိမ်လည်ရောင်းချမှုမရှိစေရေး၊ ဈေးနှုန်းမှန်ကန်မှုရှိစေရေးတို့ကို တာဝန်ရှိသူများက စက်တင်ဘာ ၂၅ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ဆီအသင်းတို့ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ပြည်သူများသို့ ရောင်းချပေးရာ၌ မှန်ခြောက်မှန်ဖြင့် ရောင်းချပေးနိုင်ရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)