နေပြည်တော် စက်တင်ဘာ ၂၆
ရန်ကုန်မြို့ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)အနီး ဘုရင့်နောင်လမ်းနှင့် အမှတ်(၇)လမ်းထောင့်နေရာတွင် တည် ဆောက်ပြီးစီးခဲ့သည့် South Dagon Mall ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်ရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များသည် South Dagon Mall သို့ရောက်ရှိ ကြရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် South Dagon Mall ဖွင့်ပွဲအခမ်း အနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှု ဆောင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်
ဆက်လက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က South Dagon Mall အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အခမ်းအနား တက်ရောက်လာကြသည့် အဖွဲ့ဝင် များနှင့်အတူ ကမ္ပည်းမော်ကွန်း အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယင်းနောက် အခမ်းအနား အစီအစဉ်ဒုတိယပိုင်းကို South Dagon Mall အတွင်း ဆက်လက် ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများ က South Dagon Mall ဆိုင်ရာ မှတ်တမ်း Video Clip ကို ကြည့်ရှု ကြသည်။
ထို့နောက် မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှု ဆောင်ဥက္ကဋ္ဌက South Dagon Mall တည်ဆောက်ဖွင့်လှစ်ခြင်း ဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့၊ ဗဟိုအမှုဆောင်ဥက္ကဋ္ဌက South Dagon Mall အဆောက် အအုံသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရ လက်ဆောင်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံသို့ ပေးအပ်သည်။
ဆက်လက်၍ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှု ဆောင်ဥက္ကဋ္ဌက South Dagon Mall အဆင့်မြင့်ဈေးသစ်ကြီး တည်ဆောက်ခဲ့သော သမာဓိ ကောင်းသာ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်သည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အခမ်း အနားတက်ရောက်လာကြသူများ နှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြ ပြီး South Dagon Mall အတွင်း ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချ လျက်ရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုကြသည်။
သုံးထပ်အဆောက်အအုံ
အဆိုပါ South Dagon Mall သည် ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြန်မာ့သားကောင်းအဆင့်မြင့် စစ်မှု ထမ်းဟောင်းအိမ်ရာ (လေးထောင့် ကန်)အနီး ဘုရင့်နောင်လမ်းနှင့် အမှတ်(၇)လမ်းထောင့်၌ တည်ရှိပြီး နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ စစ်မှုထမ်းဟောင်းအိမ်ရာတွင် နေထိုင်သူများ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နေ ဒေသခံပြည်သူများ၏ လူနေမှု အဆင့်အတန်း မြှင့်တင်နိုင်ရေး နှင့် အလုပ်အကိုင်အခွင့်အလမ်း များ ရရှိစေရေးအတွက် ခေတ်မီ Shopping Mall တစ်ခုအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ South Dagon Mall သည် RC အမျိုးအစား သုံးထပ်အဆောက် အအုံဖြစ်ပြီး ပရိဘောဂဆိုင်များ၊ စားသောက်ဆိုင်များ၊ လျှပ်စစ် ပစ္စည်းအရောင်းဆိုင်များ၊ မီနီမတ် ဆိုင်များ၊ စတိုးဆိုင်များ၊ အဝတ်အထည်နှင့် အလှကုန်ဆိုင်များ၊ ရွှေငွေလက်ဝတ်ရတနာဆိုင်များ နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း များအတွက် Bank များ ဖွင့်လှစ်ထားရှိသည့်အပြင် အများပြည်သူ များ အပန်းဖြေနိုင်ရေးအတွက် ရုပ်ရှင်ရုံနှင့် ဈေးဝယ်သူများ အဆင်ပြေစွာ သွားလာနိုင်စေရန်အတွက် စက်လှေကားများ ထည့်သွင်းတည်ဆောက်ထားပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို လျှော့ချနိုင်ရန် အတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ် ဓာတ်အားပေးစနစ်များ ထည့်သွင်းတည်ဆောက်ထားခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


