တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ရန်ကုန်တိုင်းစစ်ဌာနချုပ် သန်လျင် တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

 

 

နေပြည်တော် စက်တင်ဘာ ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် သန်လျင် တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သန်လျင်တပ်နယ်ခန်းမ၌ တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်နယ် များမှ အရာရှိ၊ စစ်သည်၊ မိသားစု များ တက်ရောက်ကြသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က အမှာစကားပြောကြား ရာတွင် သန်လျင်နှင့် ဒလတပ်နယ် သည် ရန်ကုန်မြို့တော်၏ ပင်လယ် ထွက်ပေါက်ဖြစ်ပြီး ပထဝီအနေ အထားအရ အရေးပါသော နယ်မြေများ ဖြစ်ကြောင်း၊ အလားတူ ပဲခူးတိုင်းဒေသကြီးနှင့် ဆက်စပ်လျက်ရှိပြီး ရန်ကုန်မြို့ လယ် ဧရိယာ၏ တစ်ဖက်ကမ်း တွင်ရှိ၍ လုံခြုံရေးအရလည်း အရေးကြီးသော နယ်မြေများ ဖြစ်ကြောင်း၊ တပ်မတော်(ရေ)အနေဖြင့် မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်အား ကာကွယ်နိုင်ရန်အတွက် အင်အားတောင့်တင်း ခိုင်မာနေရန် လိုအပ်ကြောင်း၊ တပ်မတော်အကြီးအကဲ အဆက်ဆက်တွင် တပ်မတော်(ရေ)အား အင်အားတောင့်တင်းခိုင်မာစေရန် အမြော်အမြင်ရှိစွာဖြင့် တည် ဆောက်ခဲ့သဖြင့် ပတ်ဝန်းကျင် နိုင်ငံများ၏ လေးစားစောင့်ကြည့် နေသည်အထိ တောင့်တင်းလာခဲ့ကြောင်း၊ နိုင်ငံတော်၏ ရေပိုင်နက်အတွင်း တရားမဝင်ကုန်သွယ်မှု များ၊ မူးယစ်ဆေးဝါး ရောင်းဝယ်သယ်ဆောင်မှုများနှင့် ပတ်သက်၍ တားဆီးနှိမ်နင်းနိုင်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သစ္စာရှိစွာဆောင်ရွက်သွားကြရန် လိုကြောင်း၊ တပ်မတော်(ရေ) သည် အရည်အသွေးကောင်းမွန် သော အစဉ်အလာကောင်းများ ရှိပြီးဖြစ်၍ ဆက်လက်ထိန်းသိမ်း သွားကြရန်လိုကြောင်း၊ တပ်မတော် (ရေ)အနေဖြင့် စစ်ဆင်ရေးတာဝန်များတွင် ခြေလျင်တပ်များနှင့် အတူ ပူးပေါင်းဆင်နွှဲ၍ စွမ်းစွမ်း တမံ ဆောင်ရွက်နေမှုများကိုလည်း အသိအမှတ်ပြုပါကြောင်း။

 

မိမိတို့ တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုများနှင့်အတူ မွေးဖွားလာခဲ့သည့် တပ်မတော်ဖြစ်ပြီး တိုင်းပြည်၏ ခက်ခဲနက်နဲသော သမိုင်းအကွေ့ အကောက်တိုင်းတွင် နိုင်ငံတော် နှင့် ပြည်သူကို အမျိုးသားရေး အသိစိတ်ဓာတ်ဖြင့် ရှေ့တန်းကနေ မားမားမတ်မတ် ကာကွယ်စောင့် ရှောက်ခဲ့သည့် သမိုင်းကြောင်းများ ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ အားလုံးသည် အမျိုးသားရေးမူဝါဒ ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါး ကိုအစဉ်အမြဲ ဦးထိပ်ပန်ဆင်ပြီး သစ္စာရှိစွာ တာဝန်ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း။

 

တပ်မတော်သည် အခြားသော ဌာနဆိုင်ရာများနှင့် ဖွဲ့စည်းမှုအရ၊ လုပ်ငန်းတာဝန်အရ ခြားနားသော သဘောသဘာဝ ရှိကြောင်း၊ တပ်တွင်းတွင် မိသားစုနှင့်အတူ နေထိုင်၍ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြရသည့်အတွက် တပ်မှူးနှင့်ဇနီးတို့၏ မိဘသဖွယ် မျှတသော အုပ်ချုပ်မှုသည် အရေးကြီးကြောင်း၊ တပ်မှူးနှင့် တာဝန်ရှိသူများသည် တော်တည့် မှန်ကန်စွာ အုပ်ချုပ်နေရန် လိုအပ်သကဲ့သို့ ကွပ်ကဲမှုအောက် တွင်ရှိသော အရာရှိ၊ စစ်သည်များ ကလည်း နောက်လိုက်ကောင်း များအဖြစ် အမိန့်နာခံ၍ စည်းကမ်း ကောင်းမွန်နေရန် လိုကြောင်း၊ မြို့ပြတွင် နေထိုင်သူများဖြစ်၍ ကောင်းမွန်သော အခွင့်အလမ်း များကို မှန်မှန်ကန်ကန် အသုံးချ ရန် လိုအပ်ပြီး တပ်မတော်၏ မူဝါဒနှင့် စည်းကမ်းများကို သိရှိ ပြီး လိုက်နာစောင့်ထိန်းကြရန် လိုကြောင်း။

 

တပ်မတော်တွင် သစ္စာဖောက် မှု၊ စစ်ဆင်ရေးမှု၊ မူးယစ်ဆေးဝါးမှု များနှင့်ပတ်သက်၍ လုံးဝခွင့်လွှတ် ၍မရသည့် အမှုကိစ္စများဖြစ် ကြောင်း၊ သစ္စာဖောက်မှုဆိုရာ တွင် နိုင်ငံတော်နှင့် တပ်မတော် အပေါ် သစ္စာဖောက်ခြင်းအပြင် မိသားစုအပေါ် သစ္စာဖောက်ခြင်း လည်းပါဝင်၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

 

တိုက်စွမ်းရည်၊ တိုက်စွမ်းအား များ ပြည့်ဝရမည်

တပ်မတော်၏ ကောင်းမွန် သည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကာကွယ် ရန်မှာ တပ်မတော်သားအားလုံး တွင်တာဝန်ရှိကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် အဓိကတာဝန်ရှိပြီး ထိုသို့ တာဝန် ထမ်းဆောင်နိုင်ရေးအတွက် တိုက် စွမ်းရည်၊ တိုက်စွမ်းအားများ ပြည့်ဝရမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် စွမ်းရည် သုံးရပ်နှင့် ပြည့်စုံနေရန်လိုအပ်ပြီး စွမ်းရည်ရှိရန် ကျန်းမာကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုနှင့် ရဲစွမ်းသတ္တိများ ရှိအောင် လေ့ကျင့်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပြောင်းလဲလာ သည့် စစ်အတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများကို အမြဲ လေ့လာနေရမည်ဖြစ်ပြီး စစ်မြေပြင် တွင် လက်တွေ့အသုံးချနိုင်ရန် လိုကြောင်းနှင့် ပြည်သူက ယုံကြည် အားကိုးရသည့် စွမ်းရည်ပြည့်ဝ သောတပ်များဖြစ်အောင် အမြဲ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း။

 

တပ်မတော် အနေဖြင့် တပ်မတော်သား မိသားစုဝင်များ ၏ သားသမီးများသာမက တပ်မတော်သားများ၏ ပညာရည် မြင့်မားစေရေး အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပြီး ပညာ ရည်မြင့်မားစေရေးအတွက် လိုအပ် သည်များ စဉ်ဆက်မပြတ် ပံ့ပိုး ဆောင်ရွက်ပေးလျက် ရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မိဘများအနေဖြင့်လည်း စစ်သည် များ၊ ကလေးငယ်များ၏ ပညာရည် မြင့်မားရေးကို အလေးပေးဆောင် ရွက်ကြရန်နှင့် တာဝန်ရှိသူများ အနေဖြင့် အခွင့်အလမ်းများရရှိ အောင် စီမံဆောင်ရွက်ပေးကြရန် လိုကြောင်း။

 

တစ်ဦးချင်းစီ၏ အရည်အသွေး တိုးတက်စေရေးအတွက် စာပေ ဖတ်မှတ်လေ့လာသွားရန် မဖြစ် မနေ လိုအပ်မည်ဖြစ်သဖြင့် အရာရှိ၊ စစ်သည်များအနေဖြင့် မိမိကိုယ်ကို အကျိုးဖြစ်စေနိုင်မည့် စာပေ ဗဟုသုတ လေ့လာခြင်းများကို ဆောင်ရွက်ကြရန် လိုကြောင်း၊ စာပေဖတ်ရှုခြင်း၊ အကြောင်းအရာ များကို မှတ်သားခြင်း၊ လက်တွေ့ ကြုံတွေ့လာရသည့် အခြေအနေ တွင် ၎င်းအကြောင်းအရာကို အကျိုးရှိရှိ အသုံးချခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး မိမိ တို့ သိရှိထားသည့် အကြောင်း အရာများကို အခြားသူများကို မျှဝေပေးခြင်းသည်လည်း ကောင်း မွန်သည့် အမူအကျင့်ကောင်း တစ်ခုပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စာပေဖတ်မှတ် လေ့လာခြင်းကို အမြဲမပြတ် ဆောင်ရွက်သွားကြ ရန်လိုကြောင်း။

 

ခေါင်းဆောင်မှုနှင့် ပတ်သက် ပါက တပ်မှူးအသီးသီးသည် မှန်ကန်သည့် ဦးဆောင်မှုနှင့် လုပ်ဆောင်ပါက လက်အောက် ငယ်သားများက တပ်မှူးအပေါ် ယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း၊ တပ်ရင်း/တပ်ဖွဲ့မှူးများ ခေါင်း ဆောင်မှု ကောင်းမွန်ပါက လက်အောက်စစ်သည်၊ မိသားစု ဝင်များက ယုံကြည်မှုရှိ၍ လုပ်ငန်း တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်ရင်း/တပ်ဖွဲ့များရှိ တာဝန်ရှိသူ များအနေဖြင့် လက်အောက်၏ အခက်အခဲများကို ဖြေရှင်း ဆောင်ရွက်ပေးရန်လိုသဖြင့် ၎င်းတို့ နှင့် ထိတွေ့မှုများစွာရှိရမည် ဖြစ်ကြောင်း၊ ထိုသို့ ထိတွေ့မှုများ ပြုလုပ်ခြင်းသည် စစ်သည် များ စိတ်ဓာတ်မြင့်မားရေးနှင့် တပ်အင်အား တောင့်တင်းခိုင်မာ ရေးအတွက် လုပ်ဆောင်ရမည့် အချက်ပင်ဖြစ်ကြောင်း၊ ခေါင်း ဆောင်သည် လက်အောက်ငယ် သားအပေါ် ကျောသား၊ ရင်သား မခွဲခြားဘဲ အမိအဖစိတ်ထားဖြင့် အုပ်ချုပ်ကွပ်ကဲရန် လိုကြောင်း၊ သို့မှသာ မိမိတို့တပ်မတော်၏ အရည်အသွေး တိုးတက်လာမည်ဖြစ်ကြောင်း။

 

ရေကြောင်းလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများကိုလည်း အမျိုး သားလုံခြုံရေး ပြဿနာအဖြစ် ထည့်သွင်း စဉ်းစားရမည်ဖြစ် ကြောင်း၊ အနာဂတ်တွင် ဖြစ်ပေါ် လာနိုင်မည့် ရေကြောင်းလုံခြုံရေး ကဏ္ဍအပါအဝင် ခြိမ်းခြောက်မှု များနှင့် ပဋိပက္ခများအပေါ် ကြိုတင်တွက်ဆပြီး မဟာဗျူဟာ ပန်းတိုင်များချမှတ်ကာ ဒေသတွင်း ရေတပ်များနှင့် ရင်ပေါင်တန်း နိုင်သော ရေတပ်ဖွဲ့တစ်ခုအဖြစ် အစဉ်မျှော်မှန်း တည်ဆောက် သွားရန် လိုအပ်ကြောင်း၊ မိမိတို့၏ သီးသန့် စီးပွားရေးဇုန်အတွင်းရှိ အချုပ်အခြာအာဏာနှင့် ရေပြင် ပိုင်နက်ကို အကြွင်းမဲ့ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်း ကုန်သွယ်မှု လုံခြုံချောမွေ့စေရေး အတွက် ပင်လယ်ရေကြောင်း လုံခြုံရေးတာဝန်များကို ထိရောက် စွာထမ်းဆောင်ရန်၊ သဘာဝဘေး အန္တရာယ်ကယ်ဆယ်ရေးနှင့် နိုင်ငံ တော်၏ အမျိုးသားအကျိုးစီးပွား ကို ကမ်းလွန်ပင်လယ်ပြင် အထိ အကာအကွယ်ပေးရန်တို့ကို မျှော်မှန်း၍ ပြင်ဆင်လေ့ကျင့်နေ ရန်လိုကြောင်း၊ တပ်မတော်(ရေ)မှ ရဲဘော်ရဲဘက်အားလုံးအနေဖြင့် စွမ်းရည်များပြည့်ဝကာ နိုင်ငံတော် နှင့် ပြည်သူက အားကိုးရသည့် ခေတ်မီ တပ်မတော်(ရေ)အဖြစ် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက် သွားရန်လိုကြောင်းဖြင့် ပြောကြား ပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ ၏ လိုအပ်ချက်များကို မေးမြန်း ကာ လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက် ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

 

ထို့အပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ကြီး ရဲဝင်းဦးနှင့် ဇနီးတို့သည် ရေတပ် လေ့ကျင့်ရေးဌာနချုပ်၌ ကံ့ကော်ပင်ကို အမှတ်တရ စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်