မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ စင်ကာပူနိုင်ငံ ကြက်ခြေနီအသင်းက Distinguished Friend of Singapore Red Cross Award ချီးမြှင့်

ရန်ကုန် စက်တင်ဘာ ၂၄

 

စင်ကာပူနိုင်ငံ၌ စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည့် Singapore Red Cross Awards Ceremony အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကို စင်ကာပူနိုင်ငံကြက်ခြေနီအသင်းက “Distinguished Friend of Singapore Red Cross Award” ဂုဏ်ပြုဆု ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဂုဏ်ပြုဆုကို စင်ကာပူနိုင်ငံသမ္မတနှင့် စင်ကာပူနိုင်ငံကြက်ခြေနီအသင်း၏ နာယကဖြစ်သူ His Excellency Mr. Tharman Shanmugaratnam က ပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက် လက်ခံရယူခဲ့သည်။

 

ယခုဂုဏ်ပြုဆုသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်ကာပူနိုင်ငံကြက်ခြေနီအသင်းတို့အကြား ရေရှည်တည်ရှိခဲ့သည့် မိတ်ဖက်ဆက်ဆံရေး၊ အပြန်အလှန် ပံ့ပိုးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အသိအမှတ်ပြု ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်