လှည်းကူးမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၂၄

 

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မင်္ဂလာဒုံမြို့နယ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အောက်မြန်မာပြည် ယန္တရားအခြေစိုက် ရုံးဝင်းအတွင်း ဂိုဒေါင်တစ်လုံး တည်ဆောက်ရန်နှင့် အောက်မြန်မာပြည် ယန္တရားအခြေစိုက် ရုံးဝင်းအတွင်း ရုံးပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

အိရွှေစင်လတ်(ပြန်/ဆက်)