ဘားအံ စက်တင်ဘာ ၂၄
ပြည်နယ်အတွင်း ငါးသယံဇာတများတိုးပွားစေရေးနှင့် ငါးထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေး အထောက်အကူပြုစေရန် ရည်ရွယ်၍ ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ် လှာကဒေါင်ကျေးရွာအုပ်စု လှာကဒေါင်အင်း သဘာဝခရီးစဉ်ဒေသ၌ ငါးမျိုးများ စိုက်ထည့်ပေးကြသည်။
ငါးမျိုးစိုက်ထည့်ပွဲတွင် ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်သန်ကြီးထွားရန် အကောင်းဆုံး အရွယ်ရှိသည့် ငါးမြစ်ချင်းကောင်ရေ ငါးသောင်း၊ ငါးခုံးမကြီး ကောင်ရေ ငါးသောင်း စုစုပေါင်း ကောင်ရေတစ်သိန်းကို စုပေါင်းငါးမျိုး စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


