ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နီကာရာဂွါ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၂၄

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ယနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါ သံအမတ်ကြီး H.E. Mr. Segundo Martin Calero Escorcia အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

 

ဆွေးနွေး

 

တွေ့ဆုံစဉ် မြန်မာ- နီကာရာဂွါ နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ကဏ္ဍများတွင် နည်းပညာဖလှယ်ရေး၊ ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် စေလွှတ်ရေး၊ ဘာသာရပ်များအလိုက် သင်တန်းများပေးရေး၊ သုတေသနများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်