ကျုံပျော် စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းက ကွင်းသာကျေးရွာအုပ်စုတွင် စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆီ ၅၀ ကျပ်သားကို တစ်ပိဿာလျှင် ကျပ် ၈၂၀၀ စျေးနှုန်းဖြင့် ပြည်သူ့လက်ဝယ်အရောက် ကွင်းဆင်းရောင်းချပေးခဲ့သည်။
အဆိုပါ ဆီရောင်းချနေမှုကို မြို့နယ် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယမြို့နယ်မှူး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ခရိုင်တာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုဦးစီးမှူးနှင့် မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


